MP 4 ကနေ MP 3 ပြောင်းတာ....Video ဖိုင် size ချုံ့ တာ တွေမှာ သုံးပါတယ်.....
အသုံးပြုနည်းလေးကတော့ အောက်မှာပါ.....သုံးတတ်တဲ့ သူရှိသလို မသုံးတတ်တဲ့ သူလည်းရှိမှာပါ....
အဲ့ဒီအတွက်ရည်ရွယ်ပါတယ်....
အရင်ဆုံး Format Factory ကို အရင်ဒေါင်းပါ.....
ပြီးရင် install လုပ်ပြီး ဖွင့်ပါ.....install လုပ်တာက next ပဲနှိပ်ပေးသွားပါ.....
ဖွင့်လိုက်ရင် ဒီလို ပေါ်လာပါမယ်...
အဲ့မှာ ကိုယ်ကဘာချိန်းချင်တာလဲ??? video ကနေ mp 3 ပြောင်းချင်တယ်ဆိုရင် Audio ကို ရွေးပေးပါ...
video ကို ပဲ ဆိုဒ် ပြောင်းချင်တာဆိုရင် video ပဲပေါ့.....နောက်တခုက ကိုယ်ပြောင်းမဲ့ Format ပါပဲ ....
Video ဖိုင်ကို ချုံ့ တာပြောပါမယ်.....video to video ပေါ့....အဲ့တာဆိုရင် video ဆိုတာကို ထောက်လိုက်ပါ...
ပြီးရင် all to mobile device ကိုနှိပ်ပါ.......သူကကိုယ်လိုချင်တဲ့ ဖိုင်ကိုမေးတာပါ....Samsung ကိုရွေးပေးပါ....ပြီးရင် ok နှိပ်ပါ....
အဲ့ဒီမှာ Add File ကို နှိပ်ပါ...သူကကိုယ်ပြောင်းချင်တဲ့ ဖိုင်ကို ရှာပါ....အလွယ်ဆုံးကတော့ ပြောင်းမဲ့ ဖိုင်ကို
Destop ပေါ်တင်ထားပါ....အဲ့တာဆို Destop မှာပဲရှာပြီးရွေးပေးလိုက်ပါ....
Browse ကတော့ အဲ့ဒီပြောင်းမဲ့ဖိုင်ထားမဲ့နေရာပါ....Browse ကိုနှိပ်ပြီးကိုယ်ဖိုင်ထားချင်တဲ့နေရာကိုရွေးပေးလိုက်ပါ....ပြီးရင် ok နှိပ်ပါ....
ပြီးရင် Start ကိုနှိပ်ပါ....နှိပ်လိုက်ရင် ပြောင်းနေတာကို % နဲ့ ပြပါတယ်....100 %ဆိုရပါပြီ....
File Name က မြန်မာလိုရေးထားရင် ပြောင်းတဲ့အခါ Error ပြပါတယ်....အဲ့ဒါကြောင့် File Name ကို
English လိုပဲရေးပါ.....( မယုံရင် စမ်းကြည့်ပါ....)
တခုပြောချင်တာက ဖိုင်တွေကို ရွေးပြီok မနှိပ်ခင် ဒီလိုပုံမှာပါ....
အဲ့မှာ output setting အောက်က option ကိုပြောချင်တာပါ...သူက video ကနေ mp 3 ပြောင်းတဲ့အခါ mono Left/ Right ချိန်လို့ ရတဲ့ကောင်လေးပါ.....option ကို နှိပ်ပြီး right ကို နှိပ်ပြီး ok နှိပ်ပါ.....
mp3 ပြောင်းချင်ရင် audio ကိုရွေးပေးပြီး mp 3 ကိုနှိပ်ပါ.....video to mp 3 ပါ.....ရွေးပေးရမှာက video file ပါ
ကျန်တာကတော့အတူတူပါပဲ....
အားလုံးအဆင်ပြေပါစေ......
No comments:
Post a Comment