Mingalarpar

ဒီ Blog ကို စေတနာအရင်းခံနဲ့ လုပ်တာပါ.... သူတပါးအတွက်ကျွန်တော့် Blog ထဲကတခုခုအသုံးဝင်တယ်ဆို ကျေနပ်ပါတယ်.......Thanks For Visiting.......

Sunday, April 20, 2014

Mobile Phone Network အကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံမှာ ဖုန်းကိုအသုံးများလာကြပါပြီ.. ဒီတော့ ဖုန်းရဲ့ Network အကြောင်းလေး သိထားဖို့ လိုမယ်ထင်တယ်.. ဒါကြောင့် Mobile Phone Network တွေအကြောင်း ဖတ်မိတာလေး မျှဝေလိုက်ပါတယ်..

ကျနော်တို့မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုရင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။
 
GPRS(General Packet Radio Service)GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တို့ အသိများတာကတော့ 2G Network လို့ခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုရင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန့်သက်ချက်တွေရှိပါတယ် ကျနော်တို့ဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
 
EDGE(Enhanced Data GSM Evolution)GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်တည်းပါပဲ။ဒါပေမယ့် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နီးပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လို့လည်းခေါ်ဆိုကြပါတယ်။3G3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်။
 
HSDPA(Hight-Speed-Down-link Packet Access)HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ချို့က 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။HSPA+(Evolved High-Speed Packet Access)HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင့်ဆုံး Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။ WCDMA ရဲ့အရှည်ကောက် ကတော့ "Wideband Code Division Multiple Access" လို့ခေါ်ပါတယ်။4G LTE(Long Term Evolution)LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်အငေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။နည်းပညာ ဗဟုသုတရစေရန်အတွက်ရည်ရွယ်ချက် ဖြင့် တင်ပေးလိုက်ပါတယ်။


Credit To WinkabarKyaw.net

No comments:

Post a Comment