Mingalarpar
Saturday, March 1, 2014
အင်တာနက်လိုင်း မြန်အောင်လုပ်နည်း
နဂိုရှိမှ နားကိုင်းထွက် ဆိုသလို နဂိုအဝင် အင်တာနက် လိုင်းမကောင်းရင် ကိုယ်ရမယ့် Output အင်တာနက်လိုင်းကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေလည်း မိမိ ကွန်ပြူတာ တစ်လုံးတည်းမှာ တင် အများကြီးရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ ဒီလို အလဟဿ ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့်အဝ အသုံးချလိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်းနဲ့အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ လုပ်ပုံလုပ်နည်းလေးက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း
ှStart Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်းတက်ပါတယ်။
၂။ Window network socket reset လုပ်ခြင်း
OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက်အသုံးပြုရလေးစေပါတယ်။
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကိုရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာကို Restart လုပ်ရပါမယ်။
ဒီလောက်ဆိုရင်မြန်သင့်သလောက် မြန်လာမယ့်လို့ ထင်ပါတယ်။ အခြားနည်းလမ်းများ ရှိရင်လည်း စာဖတ်သူတို့ လာရောက် မျှဝေ နိုင်ပါတယ်။
--
Ref: freak
အောင်ခမ်း
Labels:
Knowledge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment