ပြည်သူ့လွှတ်တော်၌
ပြောကြားသော ဒုတိယဝန်ကြီး၏ အဆိုအရ မိုဘိုင်းဖုန်း အသုံးပြုသူများသည်
အိမ်မှနေ၍ မိမိ လို သလောက် ငွေကြေးကို ဖြည့်သွင်းခြင်း၊ လွှဲပြောင်းခြင်း
ပြုလုပ်နိုင်မည်ဟု သိရသည်။ နိုင်ငံတကာတွင် အသုံးပြုသည့် နည်းစနစ်များ
အတိုင်း အဆင်ပြေစွာ အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းသည့် စနစ်များကို
ဝန်ြကီးဌာနမှ တိုးချဲ့ဆောက်ရွက်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန်
အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို မူဈေးကွက်အတွင်း၌ ဆက်လက် ထားရှိသွားမည်
ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ပုံမှန်အသုံးပြုနေသည့်
ငွေဖြည့်ကတ်များကို ပုဂ္ဂလိကကုမ္ပဏီ၅ ခုနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း
ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူးပေါင်း
လုပ်ကိုင် လိုသည့် ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန်
ရှိကြောင်း သိရသည်။
Mingalarpar
Tuesday, November 19, 2013
Mobile Bill အတွက်ဝန်ဆောင်မှုအသစ်ပေးမည်
မိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူတာ စနစ်ဖြင့် စတိုးဆိုင်များ၌
ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up စနစ်ကို
တိုးချဲ့အသုံးပြုခွင့်ပေးရန် စီ စဉ်နေကြောင်း ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က
ပြောသည်။ ထို့အပြင် ဗဟိုဘဏ်မှ မကြာခင်တွင် ခွင့်ပြုဖွယ်ရှိသည့် Mobile
Non Service ပေါ်ပေါက်လာပါက မိမိ ဖြည့်သွင်းလိုသည့် ငွေပမာဏကို ၂၄ နာရီ
ဖြည့်သွင်းနိုင်မည် ဟု လည်း ဒုတိယဝန်ကြီးက ပြောသည်။
စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည်
မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့် ကုမ္ပဏီများကို
ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း၂၁ ခုကို လက်ခံ ရရှိထားကြောင်း
၎င်းတို့ အနေဖြင့် လက်ခံထားသည့် ကုမ္ပဏီ ၂၁ ခုမှ နည်းပညာအရ
ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ်
လုပ်ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည်
Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ၊ ရတနာပုံ
တယ်လီပို့၊ Elite Tech စသည့် ကုမ္ပဏီများ ကို ကော်မရှင် ၆ ရာခိုင်နှုန်းပေး၍
ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည် တစ်ဆင့်ခံ
ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍ ရောင်းချရသည့် အတွက် ၂
ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။
Labels:
Knowledge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment